Friday, June 12, 2009

အသုံးခံမဟုတ်သောပြည်သူများ

Not for Sale

1 comment:

Unknown said...

ဒိုက်ဦးမောင်ရဲ့အတွေးအမြင်တွေက ကောင်းတာလေးတွေလည်း ကောင်းပါတယ်၊ ရေတွင်း ၂ တွင်းလောက်တူးပေးတာ။ မိမိတို့ ရလာတဲ့ လုပ်အားခတွေထဲကနေ စုပေါင်း လှူဒါန်းတာ ကောင်းပါတယ်၊ ဒုက္ခရောက်နေသူ ဘယ်နှစ်ယောက်ကို ကူညီနိုင်မှာပါလဲ။ လူဘယ်နှစ်ယောက်ကို အလုပ်ရအောင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ မပြောပလောက်သော အရေအတွက် အနည်းအကျဉ်းကို အလုပ်ပေးနိုင်ပါလိမ့်မယ်၊ သူတို့ရဲ့ ၀င်ငွေ လစာတွေ ဘယ်လောက်ထိ ကောင်းအောင် သူမိသားစု စားဝတ်နေရေး ပညာသင်ရေး ကျန်းမာရေး ကိစ္စတွေ အတွက် လုံလောက်အောင် ဖန်တီးပေးနိုင်ခြင်းရော ရှိပါရဲ့လား၊ ကိုယ်နိုင်သလောက်သာ သူများကို ကူညီနိုင်တာပါ၊ လိုအပ်ချက်တွေ ပြည့်စုံအောင် မကူညီနိုင်ပါဘူး၊ ဒီမိုကရေစီရေး လုပ်နေတယ်ဆိုတာက လူတွေရဲ့အခက်အခဲ အကျပ်အတည်း ဖိနှိပ်ခံနေရမှုတွေကနေ လွတ်မြောက်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ယုံကြည်လို့ လုပ်နေကြတာပါ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ ပြောနေတယ်ဆိုတာကလည်း ဒီလူတွေက ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် ဦးဆောင် တောင်းဆိုရဲတဲ့ သူတွေ ဘာတွေတောင်းရမယ်။ ဘယ်လိုပြောရမယ်၊ ဘာတွေ လုပ်ပေးဖို့လိုတယ်ဆိုတာကို တစ်စုံတစ်ရာ နားလည်တဲ့သူတွေပါ၊ အများအကျိုးဆောင်ရွက်နေတဲ့သူတွေပါ၊ သူတို့ကိုယ်တိုင်လည်း မတရားဖိနှိပ်။ ချုပ်ချယ်ခံနေရတဲ့သူတွေ မကောင်းမှုလုပ်လို့ အပြစ်ခံနေရတာမဟုတ်ဘူး၊ ဒိုက်ဦးမောင်ပြောတဲ့ ကိုယ်၇တဲ့ဝင်ငွေလေးကနေ အခြားသူကို မျှဝေတယ်။ ပေးကမ်းတယ်ဆိုတာ ကောင်းပါတယ်၊ ဒါပေမယ့် ဒီမိုကရေစီရေး။ လူ့အခွင့်အရေးလို့ ပြောနေတဲ့ သူတွေရဲ့ ရည်ရွယ်ချက်က အဲဒီထက် ပိုကြီးမားတယ်၊ အဲဒါတွေရဲ့နောက်မှာ ပညာရေးစနစ်ပြောင်းလဲဖို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိဖို့ဆိုတာပါတယ်၊ ဒုက္ခရောက်နေတဲ့သူတွေအတွက် လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးတာ သာဓုခေါ်စရာပါ၊ ဒါပေမယ့် ဒါဟာ ပြဿနာရဲ့။ ဆင်းရဲမှုတွေရဲ့။ မတရားဖိနှိပ်ခံနေရမှုတွေရဲ့အဖြေမဟုတ်ဘူး၊ ကိုယ်လုပ်နိုင်သလောက်လုပ်တာ ကောင်းပါတယ်၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေ အပေါ်မှာ ဒီလိုအမြင် အတွေးအခေါ် အရေးအသားမျိုးတွေ မဖြစ်သင့်ပါဘူး။ ဘယ်အလွှာ။ ဘယ်အသိုင်းအ၀ိုင်းက လူပဲ ဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူ ကိုယ်ကျိုးကြည့်တဲ့သူတွေလည်း ရှိတယ်၊ ဒါဟာ လူ့ သဘာဝပဲ၊ ဒိုက်ဦးမောင်တို့လို စိတ်ဓာတ်ရှိတဲ့ သူမျိုးတွေ လိုအပ်ပါတယ်၊ ဒါပေမယ့် ဒီလို စိတ်ဓာတ် ရှိတဲ့သူချည်းပဲဆိုရင် လူထုရဲ့အခြေအနေ တိုးတက်မလာနိုင်ပါဘူး။ မရှိလို့လည်း မဖြစ်ပါဘူး။ ဒိုက်ဦးမောင်တို့လို လူမျိုးတွေ ရှိနေရင် အကူအညီရရှိသူတွေအတွက်တော့ ခံသာတာပေါ့၊ အကူအညီ လိုအပ်သူတိုင်းကို DOM တို့အနေနဲ့ မကူညီနိုင်ပါဘူး။ လူထုကို သူတို့ရဲ့ လိုအပ်ချက်ကို လိုက်ဖြည့်ဆည်းပေးရမှာထက် သူတို့ လိုအပ်ချက်ကို သူတို့ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိအောင် ဆောင်ရွက်ပေးရမှာပါ၊